“အမေရိကန်နိုင်ငံ အစိုးရက အစ္စရေးနိုင်ငံ အစိုးရ၏ နိုင်ငံအတွင်း တရားစီရင်ရေး ပြုပြင်မွမ်းမံမှုများ အပေါ် နိုင်ငံတကာမှ စိုးရိမ်မှုများ မြင့်တတ်လာသည့်အတွက် အမေရိကန် စစ်တပ်၏ ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဌဖြစ်သူကို အစ္စရေးနိုင်ငံသို့ စေလွှတ်မှုများ ပြုလုပ် သွားဖွယ်ရှိနေ”

သြဂုတ် ၁၇

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အစိုးရ၏ တရားစီရင်ရေး ပြုပြင်မွမ်းမံမှုများအပေါ် နိုင်ငံတကာမှ စိုးရိမ်မှုများ တိုးလာနေချိန်တွင် အမေရိကန်နိုင်ငံ သည် ၎င်းစစ်တပ်၏ ထိပ်တန်း ဗိုလ်ချုပ်ကြီး Mark Milley အား အစ္စရေးနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဥ်အဖြစ် စေလွှတ်သွားမှာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ စစ်တပ်၏ ပူးတွဲ စစ်ဦးစီးချုပ်များရဲ့ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး Mark Milley က အစ္စရေး အစိုးရအဖွဲ့၏ ၎င်းတို့ နိုင်ငံအတွင်း တရားစီရင်ရေးမွမ်းမံမှုမှာ အစ္စရေးစစ်တပ်ကို ဘယ်လို သက်ရောက် မှုရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေ နိုင်ငံတကာတွင် တိုးလာနေချိန်မှာ အမေရိကန် သမ္မတ Biden အုပ်ချုပ်ရေး အဖွဲ့အတွင်းတွင်လည်း စိုးရိမ်မှုတွေ တိုးလာနေပြီး အစ္စရေးနိုင်ငံသို့ လာမယ့်အပတ်မှာ အမေရိကန်စစ်တပ် ဗိုချုပ်ကြီး Mark သည် သွားရောက်လည်ပတ် မှုများပြုလုပ်သွားမှာဖြစ်တယ်လို့ အစ္စရေး စစ်တပ်၏ အဆင့်မြင့်အရာရှိနှစ်ဦးက ပြီးခဲ့သည့် သြဂုတ်လ ၁၆ရက်နေ့က ပြောကြားခဲ့ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။