


(မှုခင်း) နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာ၊ မော်လမြိုင်-မုဒုံကားလမ်းတွင် လမ်းဘေး၌ ရပ်ထားသော တွဲကားယာဉ်နောက်ပိုင်းကို အိုးဝေယာဉ်က ဝင်တိုက်မိမှုကြောင့် အိုးဝေယာဉ်ပေါ်ပါ အမျိုးသား ၄ ဦးအနက် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၇ ရက် ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့် အိုးဝေယာဉ်ပေါ်ပါ အမျိုးသား ၄ ဦးအနက် ၂ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးအနက် တစ်ဦးမှာ စိုးရိမ်ရဒဏ်ရာ၊ တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ရာမညလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။