

(မှုခင်း) နိုဝင်ဘာ ၈
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ ကားဝပ်ရှော့ဆိုင်အတွင်း ရပ်ထားသည့် SUPER CUSTOM အမျိုးအစား မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် ည ၁၁ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ iCAR (18) ကားဝပ်ရှော့ဆိုင်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုသတင်းရရှိသဖြင့် တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိသေးပေ။