(ပြည်တွင်း) နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးကော်မတီများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်ကလည်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်အလိုက် ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
နောက်ဆုံးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN