ရွှေဘို ဘုရင်အဝေးပြေးကားဂိတ်မှ ဝန်ထမ်း ၃ ဦးကို အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ် ချမှတ်

(မှုခင်း) နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ကားကြီးကွင်းအတွင်းရှိ ဘုရင်အဝေးပြေးမော်တော်ယာဉ်လိုင်းမှ ဂိတ်မှူးနှင့် စာရေးမ ၂ ဦးတို့ကို အကြမ်းဖက်ဥပဒေအရ ထောင်ဒဏ် ၃၄ နှစ်မှ ၅၄ နှစ်အထိ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

ဘုရင်အဝေးပြေးမော်တော်ယာဉ်လိုင်းမှ ဂိတ်မှူး ဇေယျာဝင်း၊ စာရေးမ အေးမြင့်ဆွေ (ခ) ဆွေဆွေ နှင့် သိမ့်သိမ့်သူတို့ ၃ ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဘုရင်ခရီးသည်တင်ကားဖြင့် လိုက်ပါစီးနင်း၍ ခရီးသွားလာပါက PDF အဖွဲ့များထံ သတင်းပေးပို့နေကြောင်း သိရှိရသဖြင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဂိတ်မှူးနှင့် စာရေးမ ၂ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းတို့ကိုယ်တိုင် ဝန်ခံခဲ့သဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်တွင် အကြမ်းဖက်ဥပဒေအရ ဂိတ်မှူး ဇေယျာဝင်းကို ထောင်ဒဏ် ၅၄ နှစ်၊ အေးမြင့်ဆွေ (ခ) ဆွေဆွေကို ထောင်ဒဏ် ၃၄ နှစ်နှင့် သိမ့်သိမ့်သူကို ထောင်ဒဏ် ၃၄ နှစ် အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN