(မှုခင်း)အောက်တိုဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ ဘားအံစက်မှုဇုန်၊ ဘိုးဘွားရိပ်သာလမ်းရှိ ရာဘာမှိုင်းခံစက်ရုံတွင် အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ကရင်ပြည်နယ်မီးသတ်ဦးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ဘားအံခရိုင်မီးသတ်စခန်းမှ အမြှုပ်မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး ၊ ဘားအံမြို့နယ်မီးသတ်စခန်းမှ အမြှုပ်မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ဘားအံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ အမြှုပ်မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မာဃ လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက်၆နာရီ၅၅မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးစတင်လောင်ကျွမ်းရသည့်ဖြစ်စဥ်နှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN