(ကျန်းမာရေး) အောက်တိုဘာ ၂၁
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ရာ သွေးလှူရှင် ၈၆ ဦး ပါဝင်လှူဒါန်းခဲ့ပြီး အလှူငွေ ကျပ်သိန်း ၂၀ ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက် နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြား၊ ၇၄ လမ်းနှင့် ၇၇ လမ်းကြားရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ မန်းတောင်ရိပ် ၉ ထပ်ဆောင်၊ ၉ လွှာ၊ အစည်းအဝေးခန်းမ (၁) တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မမ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဇနီး ဒေါ်ချယ်ရီစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် ဇနီး ဒေါ်သီတာဇင်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးနှင့် ဇနီး ဒေါ်စန်းစန်းအေး၊ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်နှင့် ဇနီး ဒေါ်အေးအေးအောင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်နှင့် ဇနီး ဒေါ်စုစုတင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုးနှင့် ဇနီး ဒေါ်သီသီအောင်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်နှင့် ဇနီး ဒေါ်သီတာလွင်တို့လည်း တက်ရောက်ခဲ့ကြသည်။
အလားတူ တိုင်းဥပဒေချုပ် ဦးလှသိန်းနှင့် ဇနီး ဒေါ်ခင်မေအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်လင်းထွေးနှင့် ဇနီးဖြစ်သူ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင်၊ ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။
ယင်းအပြင် မဟာအောင်မြေခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်၊ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူး၊ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ ချမ်းအေးသာစံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ အရာထမ်း၊ အမှုထမ်းများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
သွေးလှူဘဏ်တာဝန်ခံ ဆရာဝန် ပါမောက္ခဒေါက်တာနီလာဝင်း၊ အထူးကုဆရာဝန် ဒေါက်တာစုလှိုင်ဦး၊ သူနာပြုဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် အခမ်းအနားသို့ စုစုပေါင်း ၁၅၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးလှူဒါန်းပွဲတွင် ကျန်းမာရေးဝန်ထမ်းများက သွေးလှူရှင် ၈၆ ဦးကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် သွေးဖောက်ယူလက်ခံခဲ့ကြသည်။
ထိုသို့ သွေးလှူဒါန်းနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် သွေးလှူရှင်များအား ကြက်ဥ ၁၀ လုံး၊ ငှက်ပျောသီး၊ နွားနို့၊ ကွေကာ၊ ရွိုင်ရယ်ဒီနှင့် ဓာတ်ဆားတို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ယင်းနောက် သွေးလှူရှင်များကိုယ်စား သွေးအိတ်များနှင့် အလှူငွေ ကျပ်သိန်း ၂၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်လင်းထွေးက ပေးအပ်လှူဒါန်းခဲ့ရာ မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN