(ပြည်တွင်း) အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးတောင်ရပ်ကွက်တွင် နေအိမ်၌ရှိနေသည့် ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခွဲခန့်က အသက် ၃၅ နှစ်အရွယ် ဦးအေးမင်းထွန်းနှင့် ဇနီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မခိုင်ဇင်ဖြိုးတို့ နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာသည့် အမျိုးသားခြောက်ဦးခန့်က ၎င်းတို့အား “ဒလန်” ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်တွင် ကျူးလွန်သူများကို PDF အမည်ခံအဖွဲ့ဝင်များဟု ဖော်ပြထားသော်လည်း လွတ်လပ်သော သတင်းရင်းမြစ်တစ်ခုထံမှ သီးခြားအတည်ပြုချက် မရရှိသေးပါ။

Telegram – t.me/positiveanglenews
#PAN