(ပြည်တွင်း) အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကိုးပင်ကျေးရွာအုပ်စု၊ ကိုးပင်ကျေးရွာတွင် အောက်တိုဘာ ၁၀ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်က လူငယ်တစ်စုမှ ဓားဖြင့်ဝိုင်းခုတ်မှုဖြစ်ပွားခဲ့ရာ အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေဆုံးပြီး အခြားတစ်ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အရ မိအူအောင်းကျေးရွာအုပ်စု၊ မိအူအောင်းကျေးရွာမတွင်နေထိုင်ကြသည့် အသက် ၂၀ ဝန်းကျင် ဇင်မင်းထက်၊ ၊ စိုးထက်ခိုင်နှင့် လှမင်းခန့်တို့ သုံးဦးသည် ကိုးပင်ကျေးရွာနေ ဦးအောင်နိုင်ဆွေ၏ နေအိမ်မှ ပြန်လာပြီးနောက် ကျေးရွာတောင်ဘက်ရှိ ဘောလုံးကွင်းသို့ သွားရောက်ကာ အရက်သောက်နေစဉ် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ အရက်သောက်နေစဉ် ကိုးပင်ကျေးရွာမှ ကိုငယ်၊ ကျော်မင်းဌေးတို့အပါအဝင် လူငယ်ငါးဦးခန့် ရောက်ရှိလာပြီး ဇင်မင်းထက်တို့ သုံးဦး၏ မျက်နှာများကို ဓာတ်မီးဖြင့် ထိုးကာ ဆဲဆိုခဲ့ကြပြီးနောက် ဓားများဖြင့် ဝိုင်းဝန်းခုတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ဓားဖြင့်ခုတ်မှုကြောင့် လှမင်းခန့်တွင် ဦးခေါင်းနောက်စေ့၊ နဖူးနှင့် နောက်ကျောတို့၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးခဲ့သည်။
ဇင်မင်းထက်မှာလည်း ဦးခေါင်းဘယ်ဘက်နှင့် ညာဘက်၊ ဘယ်ပါးတို့တွင် ပြတ်ရှဒဏ်ရာများအပြင် ဘယ်လက်မောင်းတွင် ဖူးရောင်ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသည့်အတွက် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
လူသေဆုံမှုနဲ့ပတ်သက်ပြီး တောင်တွင်းကြီးနယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ) ၆၃/၂၀၂၆ ဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၃၂၆၊ ၂၉၄/၁၁၄ တို့ အမှုဖွင့်ထားပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN