တွံတေးရှိ သဘာဝရေကန်အတွင်း အမျိုးသား ၁ဦးရေနစ်သေဆုံး

(မှုခင်း)အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျိုက်ကလဲကျေးရွာ၊ တွံတေး-ကော့မှူးလမ်းဘေးရှိ သဘာဝရေကန်တွင် အောက်တိုဘာ ၉ရက် နံနက်၉နာရီ၄၄မိနစ်အချိန်တွင် အမျိုးသား၁ဦး ရေနစ်နေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အခင်းဖြစ်နေရာသို့တွံတေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ၁နာရီကျော်အချိန်တွင် ရေနစ်သူအမျိုးသားအား သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်သေဆုံးသူအမျိုးသား၏ရုပ်အလောင်းအား စိတ္တသုခပရဟိတအသင်း သူနာတင်ယာဉ်ဖြင့် တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN