(မှုခင်း)အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး ၊ကျောက်တန်းမြို့ ရွှေကုန်းရပ်ကွက်တွင် အသက် ၁၆ နှစ်အရွယ်ယောင်္ကျားလေးမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးအား လိုင်းခန်းတွဲအိမ်သာအတွင်း သားမယားအဖြစ်ပြုကျင့်မှုဖြစ်ပွားခဲ့သည်။
အောက်တိုဘာလ(၈)ရက်နေ့ည (၈)နာရီခွဲ အချိန်ခန့် ကနေအိမ်လိုင်းခန်းတွင် မိခင်ဖြစ်သူသည် အိမ်မှုကိစ္စများလုပ်ကိုင်နေစဉ် သမီးဖြစ်သူမ—-(၁၂)နှစ်(၁၀)လမှာအိပ်ရာဝင်ခါနီး ခြေလက်သန့်စင်ရန်အတွက်နေအိမ်ခန်းဘေးရှိ ရေစည်များထားရှိရာသို့ ထွက်သွားပြီး နာရီဝက်ခန့်အကြာအထိ နေအိမ်ခန်းသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိခင်ဖြစ်သူဒေါ်—–မှနေအိမ်ခန်းပြင်သို့ထွက်၍ရှာဖွေရာ နေအိမ်ခန်းအနီးရှိ နေအိမ် လိုင်းခန်းများအသုံးပြုသည့် ရေအိမ်သာ(၃)ခန်းတွဲအလယ်ခန်းရှေ့တွင်ထက်ပြည့်အောင်၊ (၁၅)နှစ်(၇)လ၊(ဘ)ဦးအောင်စည်သူကျော်၊လိုင်းခန်း(၉)တွဲ အခန်း(၆) နေသူမှာအမူအယာမမှန်သည့်ပုံစံဖြင့် တွေ့ရှိရသည်။
ထို့နောက် ရေအိမ်သာအနီးသွားရောက်ပြီး သမီးဖြစ်သူ၏အမည်အားခေါ်ကြည့်ရာသမီးဖြစ်သူမှာရေအိမ်သာ(၃)ခန်းတွဲအလယ်ခန်းအတွင်းရှိနေပြီး ရေအိမ်သာမှာသော့ခတ်ထားသဖြင့်သော့ဖွင့်ပြီး သမီးဖြစ်သူအားမေးမြန်းရာ သမီးဖြစ်သူမှာ နေအိမ်ခန်းအနီးရှိ ရေစည်တွင် ခြေလက်သန့်စင်နေစဉ် ထက်ပြည့်အောင်မှ သမီးဖြစ်သူ၏ လက်အားဆွဲ၍ ရေအိမ်သာအတွင်းခေါ်ဆောင်ပြီး ပါးစပ်ပိတ်ကာ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့်၊မိခင်ဖြစ်သူဒေါ်—မှ သမီးဖြစ်သူမ—-အား သားမယားအဖြစ်ပြုကျင့်ခဲ့သူ ထက်ပြည့်အောင်အား ဥပဒေအရ အရေးယူပေးပါရန် ကျောက်တန်းမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရသည်။
အဆိုပါ သားမယားအဖြစ်ပြုကျင့်သူထက်ပြည့်အောင်အားဖမ်းဆီးပြီး ကျောက်တန်းမြို့မရဲစခန်းမ၌ အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Telegram – t.me/positiveanglenews
#PAN