(မှုခင်း) အောက်တိုဘာ ၈
မွန်ပြည်နယ်၊ သထုံမြို့၊ မြို့သစ်ရဲဘော်ရွာအနီး သထုံ-ဘားအံကားလမ်းပေါ်တွင် ၆ ဘီးကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၈ နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က သထုံမြို့ဘက်မှ ဘားအံမြို့ဘက်သို့ မောင်းနှင်လာသည့် ၆ ဘီးကုန်တင်ယာဉ်သည် လမ်းပေါ်ရှိ အိုးဝေသုံးဘီးယာဉ်အား တိမ်းရှောင်မောင်းနှင်စဉ် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရအမျိုးသမီးအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ဆေးကုသမှုပေးပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယာဉ်တိမ်းမှောက်မှုကြောင့် မီးလောင်မှုမဖြစ်ပွားစေရန် သထုံခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် ရေဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN