(မှုခင်း) အောက်တိုဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်ဆိုင်ကယ်ခိုးယူလာသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၇ ည ၉ နာရီအချိန်ခန့်က ရွှေညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေညောင်မြို့ပေါ်ရပ်ကွက်များတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် စဉ့်ဟယ် ရပ်ကွက်၊ နယ်မြေ (၂)၊ ကျီးဖြူကန်လမ်း အရောက်တွင် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် Loujia-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ အေးသာယာမြို့နေ သိန်းသန်းစိုး (ခ) စိုးကြီး ဆိုသူ ဖြစ်ကြောင်း သိရပြီး ၎င်းမောင်းနှင်လာသည့် ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် နေအိမ်အဆောက်အဦတစ်ခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ်ခိုးယူလာသူ သိန်းသန်းစိုး (ခ) စိုးကြီး အား ရွှေညောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN