နမ့်ဆန်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး သေဆုံး

(မှုခင်း)အောက်တိုဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်ပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂ ရက်၊ မွန်းတည့် ၁၂ နာရီခွဲခန့်က မန္တလေးမြို့မှ နမ့်ဆန်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် နမ့်ဆန်မြို့အဝင် လက်ဖက်စက်ရုံအောက်ရှိ ပန်စပိန်လမ်း ကုန်းတက်နေရာတွင် နောက်ပြန်လိမ့်ကျပြီး လမ်းဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

အဆ်ိုပါယာဥ်တိမ်းမှောက်မှု့ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည် ၉ ဦးအနက် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး နောက်စေ့ထိခိုက်ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN