(မှုခင်း) အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာနေ ဦးဝင်းဗိုလ်(၆၁)နှစ်သည် အဆိုပါကျေးရွာအနီးရှိ ဒေသအခေါ် မဲသဲဆည်ကန်သို့ သွားရောက်စဉ် ကန်အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ (၂၇)ရက် ည (၈)နာရီ (၄၅)မိနစ်အချိန်က မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ရွာမကျေးရွာနေ ဒေါ်မစု(၅၇)နှစ်နှင့် ဂန့်ဂေါ်ပင်ရွာသစ်ကျေးရွာနေ ဒေါ်စန်းစန်းဝေ(ခ)ဒေါ်စန်းစန်းလွင်(၃၃)နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” များဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN