(နိုင်ငံတကာ)စက်တင်ဘာ ၂၈
ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်၊ မယ်အိုင်မြို့နယ်တွင် ကျောပိုးအိတ်သုံးလုံးအတွင်းမှ ယာဘဆေးပြား ၁ သန်းနီးပါး သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူတစ်ဦးကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးထာကြောင်း သိရသည်။
စက်တင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က မယ်အိုင်ရဲစခန်း စုံစမ်းရေးအဖွဲ့၊ အမှတ် ၃ စစ်ဆင်ရေးဒေသ လက်နက်ကိုင်တပ်ဖွဲ့နှင့် ဖားမောင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ချင်းရိုင်ပြည်နယ်၊ မယ်ဆလက်တံတားအနီးတွင် စစ်ဆေးရေးဂိတ်ဖွင့်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာနိုင်သည့် ကားများအား စစ်ဆေးခဲ့ရာ ချင်းမိုင်လိုင်စင်နံပါတ်ပါ ပစ်ကပ်ကားတစ်စီးအား တွေ့ရှိခဲ့ကြောင်း၊ ယာဉ်မောင်းသည် အာဏာပိုင်များအားတွေ့ရသဖြင့် ကားကိုပြန်လှည့်ပြီး မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။
ထို့နောက် ထိုင်းအာဏာပိုင်များက အဆိုပါယာဥ်အားလိုက်လံစစ်ဆေးခဲ့ရာ ၎င်းကားသည် မယ်အိုင်မြို့နယ်၊ ထာ့တုန်အုပ်စု၊ ဘန်မိုင်မောက်ကျမ်းကျေးရွာရှိ ဥယျာဉ်အတွင်း ဝင်ရောက်သွားခဲ့ပြီး နောက်ပိုင်းမှာ ယာဘသယ်ဆောင်ထားသည့် ကျောပိုးအိတ်သုံးလုံးအား မြက်ပင်အတွင်း ဝှက်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါ ကျောပိုးအိတ်နှစ်လုံးတွင် တစ်လုံးလျှင် ယာဘဆေးပြား ၃၃၀,၀၀၀ ခန့်စီနှင့် နောက်တစ်လုံးတွင် ၃၄၀,၀၀၀ ခန့် ပါဝင်ပြီး စုစုပေါင်း ဆေးပြား ၁ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း၊ဖြစ်စဉ်နှင့် ပတ်သက်ပြီး သံသယရှိသူ အမျိုးသားတစ်ဦးနှင့် မော်တော်ယာဉ်အား ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးသယ်ဆောင်သည့် ကွန်ရက်နှင့် ဆက်နွှယ်မှုရှိ၊ မရှိ စစ်ဆေးနေကြောင်း ထိုင်း သတင်းတွင် ဖော်ပြထားသည်။

Telegram – t.me/positiveanglenews
#PAN