(ပြည်တွင်း) စက်တင်ဘာ ၂၇
မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲလာသည့်ရထားပေါ်တွင် တရားမဝင်ကုန်စည်တင်ဆောင်ခဲ့သည့် ရထားထိန်း(ဂတ်ဗိုလ်)ကို အရေးယူထားကြောင်း သိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲလာသည့်ရထား အမှတ်(၆၈၈)ကို ကျောက်တန်းဘူတာတွင် စစ်ဆေးရာ နောက်ဆုံးတွဲအတွင်းမှ အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် အမျိုးအစားစိစစ်ဆဲ ဖာ ၉၅ ဖာ၊ ပီနံအိတ် ၄၅ အိတ်၊ ကတ်ဖာ ၁၀ ဖာနှင့် ပီပါခွံ ၁၀ လုံးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းပစ္စည်းများအား သက်ဆိုင်ရာကစစ်ဆေးခဲ့ရာ ရထားတွဲထိန်း(ဂတ်ဗိုလ်) ဦးမောင်မောင်သန့်သည် နေထက်မင်းဆိုသူက အဆိုပါပစ္စည်းများကို ကွေ့မဘူတာသို့ ပို့ဆောင်ပေးရန် ပို့ဆောင်ခ ကျပ်သိန်း ၃၀ ဖြင့် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရထားထိန်း(ဂတ်ဗိုလ်)ဦးမောင်မောင်သန့်နှင့် သိမ်းဆည်းရမိပစ္စည်းများကို ဥပဒေ လုပ်ထုံး၊ လုပ်နည်းများနှင့် အညီ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN