ချယ်ရီပန်းပုံ YPS Card များ YPS အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်ပြီ

(ပြည်တွင်း) စက်တင်ဘာ ၁၆

ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များသည့် ချယ်ရီပန်းပုံဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော YPS Card များကို YPS အရောင်းကောင်တာများ၌ ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ချယ်ရီပန်းပုံ YPS Card များသည် အသုံးပြုရလွယ်ကူသည့်အပြင် ဒီဇိုင်းလှပသောကြောင့် ကိုယ်တိုင်အသုံးပြုရန်အတွက်သာမက လက်ဆောင်အဖြစ် ပေးအပ်ရန်အတွက်ပါ အသုံးဝင်သည့်ကတ်များဖြစ်ကြောင်း သိရသည်။

YPS Card များကို ဆူးလေ၊ သခင်မြပန်းခြံ၊ မြန်မာပလာဇာ၊ လှည်းတန်း၊ ၈ မိုင် (Junction 8 အရှေ့)၊ ပန်းဆိုးတန်း၊ သမိုင်းနှင့် မြေနီကုန်းတို့ရှိ YPS အရောင်းကောင်တာများတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။လက်ရှိတွင် YBS စီးနင်းရာ၌ ယာဉ်စီးခပေးချေရန် YPS Card အသုံးပြုသူ ၅ သိန်းခန့်ရှိလာပြီဖြစ်ပြီး YPS Card အသုံးပြုခြင်းဖြင့် ယာဉ်စီးခပေးချေရန် ငွေအကြွေရှာဖွေရသည့် အခက်အခဲများကို လျှော့ချနိုင်မည်ဖြစ်သည်။

YPS Card နှင့်ပတ်သက်၍ သိရှိလိုသူများအနေဖြင့် YPS Call Center ဖုန်းနံပါတ် ၀၉ ၇၇၂၆၆၆၆၉၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN