(မှုခင်း) စက်တင်ဘာ ၁
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၂/၅နှင့် ၃၂/၆ကြားတွင် ခရီးသည်ယာဥ်မှ အမျိုးသမီးတစ်ဦးအား တိုက်မိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၁နာရီ၅၀မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ရန်ကုန်မှနေပြည်တော်သို့မောင်းနှင်လာသော 9Q-……… ဝင်း ခရီးသည်တင်ယာဉ်သည် ရုတ်တရက်လမ်းဖြတ်ကူးသော အမျိုးသမီးတစ်ဦးအား တိုက်မိခဲ့ကြောင်းသိရသည်။
အဆိုပါယာဥ်တိုက်မှုကြောင့် လမ်းကူးသူအမျိုးသမီးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်တွင်လမ်းလျှောက်သူ/လမ်းဖြတ်ကူးသူ/မော်တော် ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/သုံးဘီးယာဉ်များ သွားလာခြင်း၊ ကျွဲ/နွားလှည်းများ၊ ကျွဲ/နွား/ဆိတ်/သိုး အစရှိသည့်တိရစ္ဆာန်လွှတ်ကျောင်းခြင်းများလုံးဝ ခွင့်မပြုကြောင်းနှင့် အမြန်လမ်းပေါ်၌အဆိုပါ လူ/ယာဉ်/လှည်း/တိရစ္ဆာန်များကြောင့် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်/လှည်း မောင်းနှင်သူ/လမ်းလျှောက်သူ/လွှတ်ကျောင်းသူ/တိရစ္ဆာန်ပိုင်ရှင်များသာအရေးယူခံရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့အသိပေးထုတ်ပြန်ထားသည်။

Telegram – t.me/positiveanglenews
#PAN