
(မှုခင်း) ဩဂုတ် ၂၀
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁/၇ အနီးတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီခွဲခန့်က မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁/၇ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်မှာ Mark II အဖြူရောင် ဆလွန်းယာဉ် ဖြစ်ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းအမျိုးသား ၁ ဦး၊ သံဃာ ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။
ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကြောင့် သံဃာ ၁ ပါး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည်။