မြန်မာသမ္မတခရီးစဉ်အတွက် ကမ္ဘောဒီးယားပြင်ဆင်နေ

(နိုင်ငံတကာ) ဩဂုတ် ၁၈

မကြာမီလာရောက်ဖို့ရှိနေတဲ့ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်ရဲ့ခရီးစဉ်အတွက် ကမ္ဘောဒီးယားနိုင်ငံက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ကမ္ဘောဒီးယား ဆီးနိတ်လွှတ်တော်ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလိုကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့နေရာကို ကမ္ဘောဒီးယားအထက်လွှတ်တော် အထွေထွေအတွင်းရေးမှူး H.E. Lay Samkol ဦးဆောင်သည့် အထက်လွှတ်တော်အထွေထွေအတွင်းရေးမှူးရုံးမှ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များသည် ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်၊ တော်ဝင်နန်းတော်ဝန်ကြီး Samdech Mahamontrey Kuy Sophal နှင့် ဒုတိယဝန်ကြီးချုပ်၊ အမျိုးသားနှင့် နိုင်ငံတကာအထိမ်းအမှတ်ပွဲများ ကျင်းပရေး အမျိုးသားကော်မတီ အမြဲတမ်းဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး H.E. Chhin Ketana တို့သါားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားအထက်လွှတ်တော် အထွေထွေအတွင်းရေးမှူးနဲ့အဖွဲ့ဟာ တော်ဝင်အခမ်းအနားတွေအတွက် ပြင်ဆင်ထားတဲ့ နေရာတွေကို အဓိကထား စစ်ဆေးခဲ့ကြသလို မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင် ရဲ့ နိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း အခမ်းအနားတွေကျင်းပဖို့ ပြင်ဆင်ထားတဲ့ နေရာတွေကိုလည်း သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။