(မှုခင်း) ဩဂုတ် ၁၈
ယမန်နေ့ ဩဂုတ် ၁၇ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က သထုံ-ဘားအံလမ်းမကြီး၊ သုဓမ္မဝတီမြို့သစ် နှင်းဆီလမ်းထိပ်တွင် Express ခရီးသည်တင်ယာဉ်နှင့် Light Truck ယာဉ်တို့ မတော်တဆ တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် လမ်းဘေး၌ ရပ်ထားသည့် Light Truck ယာဉ်အား Express ခရီးသည်တင်ယာဉ်မှ မတော်တဆ ပွတ်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရာသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (သထုံခရိုင်) အဖြူရောင်နှလုံးသားအသင်းမှ ထွက်ခွာကူညီခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအား မစုစုထွေး ဦးဆောင်သည့် မီးအိမ်ရှင်လူမှုကယ်ဆယ်ရေးအသင်း (သုဓမ္မဝတီမြို့သစ်) က သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
သထုံ-ဘားအံလမ်းပေါ်ရှိ သုဓမ္မဝတီမြို့အနီးတွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သတင်းအရင်းအမြစ်များ၏ဖော်ပြချက်အရ သိရသည်။

Telegram – t.me/positiveanglenews
#PAN