(မှုခင်း) ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းတွင် ယနေ့နံနက်၁၀နါရီကျော်အချိန်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ(၁)ဦးညပ်နေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဥ်တိုက်မျူဖြစ်ပွားသည့်နေရာသို့ တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁နာရီ ၁၆မိနစ် အချိန်တွင် ကားခေါင်းခန်းအတွင်း ညပ်နေသော အမျိုးသား၁ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား နိဗ္ဗာန်ချမ်းသာ သူနာတင်ယာဉ်ဖြင့် တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram -t.me/positiveanglenews
#PAN