တောင်ကြီးတွင် တနေ့တည်း အရက်ကြောင်ပြီး ကြိုးဆွဲချသေဆုံးမှု နှစ်ခု ဖြစ်ပွား

(မှုခင်း) ဇူလိုင် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် အမျိုးသားတစ်ဦး အရက်ကြောင်ကာ ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိသည်။

ဇူလိုင်လ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က အေးသာယာမြို့၊ ရပ်ကွက် (၁၁)တွင် နေထိုင်သူ စိုးမြတ်သူသည် ၎င်းနေအိမ်၏ အိမ်ခါးပန်းအား အပြာရောင် နိုင်လွန်ကြိုးဖြင့် ချည်နှောင်၍ ကွင်းလျှောပြုလုပ်ကာ ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ကြိုးဆွဲချ သေဆုံးသူ စိုးမြတ်သူသည် အရက် ကြောင်ကြောင်ကာ ကြိုးဆွဲချသေဆုံးရခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းရုပ်အလောင်းအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အေးသာယာနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ယနေ့ နံနက်ပိုင်းကလည်း တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်တွင် အရက်ကြောင်နေသူ အမျိုးသားတစ်ဦးသည် နေအိမ်ပြတင်းပေါက်အပေါ်တန်းအား နိုင်လွန်ကြိုး အဖြူရောင်ဖြင့် ကြိုးကွင်းပြုလုပ်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ခုန်ချကာ ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Telegram….
https://t.me/positiveanglenews

PAN