
(နိုင်ငံတကာ) ဇူလိုင် ၁၆
ပါကစ္စတန်ထိန်းချုပ် ကက်ရှ်မီးယားဒေသတွင် နိုင်ငံရေးဆိုင် ရာ အငြင်းပွားမှုများကြောင့် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း လူ (၉) ဦး သေဆုံးခဲ့ပြီးနောက်၊ ဒေသ၏ မြို့တော်ဖြစ်သည့် မူဇာဖရာဘတ်သို့ ချီတက်ရန် စီစဉ်ထားသော ဆန္ဒပြလှုပ် ရှားမှုမှာ တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ယာယီရပ်တန့်သွားခဲ့ကြောင်း သိရသည်။
အင်္ဂါနေ့က ပွန်ခ် (Poonch) ခရိုင်၊ ရာဝါလာကော့မြို့တွင် လုံ ခြုံရေးတပ်ဖွဲ့များက လက်နက်များ သိမ်းဆည်းရန် ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်မှုဖြစ်ပွားရာမှ အရာရှိတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် ဆူဒ်နိုတီခရိုင်တွင်လည်း ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့ ဆုံမှု ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူ (၇) ဦးနှင့် ရဲအရာရှိတစ်ဦး သေ ဆုံးခဲ့ရသည်။ လုံခြုံရေးအာဏာ ပိုင်များကမူ ၎င်းတို့၏ လုပ်ဆောင်ချက်မှာ မိမိကိုယ်ကို ခုခံကာ ကွယ်ခြင်းသာဖြစ် ကြောင်း ပြောကြားခဲ့သည်။
လက်ရှိဖြစ်ပွားနေသော မငြိမ်သက်မှုများ၏ အဓိကအကြောင်းအရင်းမှာ နိုင်ငံရေးကိုယ်စားပြုမှုဆိုင်ရာ အငြင်းပွားမှုဖြစ်သည်။ ဒေသတွင်း ဥပဒေပြုလွှတ်တော်တွင် ၁၉၄၇ ခုနှစ်နောက်ပိုင်း ရွှေ့ပြောင်းလာသည့် ကက်ရှ်မီးယား ဒုက္ခသည်များအတွက် ခွဲဝေပေးထားသော နေရာ (၁၂) နေရာနှင့် ပတ်သက်၍ ဂျမ်မူးကက်ရှ်မီးယား ပူးတွဲပြည်သူ့လှုပ်ရှားမှုကော်မတီ (JAAC) က ကန့်ကွက်နေခြင်းဖြစ်သည်။
၎င်းတို့၏အဆိုအရ ဤနေရာများသည် ပါကစ္စတန်အခြေ စိုက် ပါတီများက ဒေသတွင်း ရန်ပုံငွေများကို လမ်းကြောင်းလွှဲပြီး လွှမ်းမိုးမှုပြုလုပ်ရန် အသုံးပြုနေခြင်းဖြစ်သည်ဟု စွပ်စွဲထား သည်။ ပြီးခဲ့သည့်လက တရားရုံး ချုပ်က အဆိုပါနေရာများကို ဖျက်သိမ်း၍မရကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
JAAC ၏ ဦးဆောင်မှုဖြင့် ချီတက်ရန် စီစဉ်ထားသည့် ဆန္ဒပြသူများမှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းအထိ ရာဝါလာကော့မြို့တွင်သာ စုဝေးနေဆဲဖြစ်သည်။ အစိုးရက ဒေသတွင်း အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားသဖြင့် ဆက်သွယ်ရေး အခက်အခဲများ ကြုံတွေ့နေရသည်။
မြို့တော်မူဇာဖရာဘတ်တွင်မူ လုံခြုံရေးတပ်ဖွဲ့ဝင် ၄,၀၀၀ ခန့်ကို ချထားပြီး အခြေအနေမှာ တည်ငြိမ်နေကြောင်း အာဏာပိုင်များက ဆိုသည်။ ဇွန်လ (၄) ရက်နေ့မှစတင်ခဲ့သော ဤဆန္ဒပြမှုများကြောင့် ယခုအချိန်အထိ လူပေါင်း (၂၈) ဦး သေဆုံးပြီး (၇၉) ဦး ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင် (၂၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ မတိုင်မီ တင်းမာမှုများမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
Telegram»… https://t.me/positiveanglenews
#PAN