ပဲခူးမြို့တွင် တရားမဝင်သစ်များဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်တွင် တရားမဝင်သိုဝှက်သိမ်းဆည်းထားသည့် တရားမဝင်သစ်များနှင့် စပ်ဆက် ပစ္စည်းများအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ သစ်တောဦးစီး ဌာနမှူးရုံးဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက် အထက်သားစက်ရုံလမ်းအနီး၊ ခြံအမှတ် (—)တွင် တရားမဝင်သစ်များ စုပုံထားကြောင်းသတင်းအရ ခြံဝန်းအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ တရားမဝင်သိုဝှက်သိမ်းဆည်းထားသည့် တရားမဝင်သစ်များနှင့် စပ်ဆက် ပစ္စည်းများအား ရှာဖွေတွေ့ရှိသဖြင့် အမှတ်(၃)ရဲစခန်း၌ သစ်တောဥပဒေပုဒ်မ- ၄၃(က)/၄၁(က)/၄၂(ခ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။     

အဆိုပါ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိသည့် တရားမဝင်ကျွန်းခွဲသား(၁၇)ချောင်း၊ (၁.၅၇၀၈)တန်၊တောင်သရက်ခွဲသား(၁၃၇)ချောင်း၊ (၁.၀၈၅၆)တန်၊ တရားမဝင်လွှဝိုင်းခုံ(၃)ခုံ၊ အင်ဂျင်အပါအဝင် ဆက်စပ်ပစ္စည်း(၁၈)မျိုး တို့အား သက်ဆိုင်ရာတာဝန်ရှိသူများမှ သိမ်းဆည်းထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN