(မှုခင်း) ဇူလိုင် ၁၄
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၁/၇) နှင့် (၃၂/၀) ကြားတွင် ဇူလိုင် ၁၄ ရက်၊ နေ်လယ် ၁ နာရီ ၁၀ မိနစ်ခန့်က ယာဉ်တစ်စီး၏ နောက်ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတံတားပေါ်ရှိ ကာရံထားသော ကွန်ကရစ်တိုင်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၄)ဦး စုစုပေါင်း(၆)ဦးအနက် ထိခိုက်ဒဏ်ရာရရှိသူ မ(၂)ဦး (စိုးရိမ်ရ)နှင့် ကျား(၂)ဦး(မစိုးရိမ်ရ)တို့အား (၃၉)မိုင်အမြန်လမ်းကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Telegram – t.me/positiveanglenews