(မှုခင်း) ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ယနေ့ နံနက် ၆ နာရီ ၅၅ မိနစ် အချိန်ခန့်က အောက်ဆိုက်လိုင်းကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ မှ သိရသည်။

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာသို့ ကျောက်တံတားမြို့နယ် အရန်မီးသတ်လူနာတင်ယာဥ်(03) နှင့် ပူတူးနှင့်ဘော်ဒါများပရဟိတအသင်း လူနာတင်ယာဥ်(K9) တို့ပူးပေါင်း၍ ဒဏ်ရာရရှိသူ လူနာများအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Telegram….https://t.me/positiveanglenews#PAN