
(နိုင်ငံတကာ) ဇူလိုင် ၁၄
အီရတ်နိုင်ငံ၌ ဝန်ကြီးချုပ် အလီ ဖာလေး အယ်လ်ဇိုင်ဒီ ဦး ဆောင်သည့် အစိုးရသစ် တက်လာပြီးနောက်ပိုင်း အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသော “Operation Dawn” အဂတိလိုက် စားမှု တိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း နိုင်ငံတော်ပိုင် ရန်ပုံ ငွေများကို အလွဲသုံးစားလုပ်ထားသည့် ကြီးမားသော ပိုင်ဆိုင်မှုများကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အီရတ်တရားစီရင်ရေးဆိုင်ရာ အထွတ်အထိပ်ကောင်စီ၏ ထုတ်ပြန်ချက်အရ၊ ရေနံဒုတိယဝန်ကြီးဟောင်း အဒ်နန် အယ်လ်ဂျူမိုင်လီနှင့် ဆက်နွှယ်သည့် ရွှေချိန် ၃၇၅ ကီလိုဂရမ်ကို စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ရွှေများကို ကုဒ်ဒစ္စတန်ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းစစ်ဆင်မှုတစ်ခုမှ ၃၅၈ ကီလိုဂရမ်နှင့် သီးခြားစုံ စမ်းစစ်ဆေးမှုတစ်ခုမှ ၁၇ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ပြီး၊ လက်ရှိတွင် အီရတ်ဗဟိုဘဏ်သို့ လွှဲပြောင်းပေးအပ်ထားသည်။
စုံစမ်းစစ်ဆေးမှုများအရ အယ်လ်ဂျူမိုင်လီ၏ အမှုတစ်ခုတည်းတွင်ပင် ခြေရာခံမိသည့် စုစုပေါင်းငွေကြေးပမာဏမှာ အီရတ်ဒီနား ၁၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်) နှင့် အပိုဆောင်း ဒေါ်လာ ၂၄ သန်းအထိ ရှိကြောင်း အစိုးရ ပြော ရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ထို့အပြင် မကြာသေးမီကပင် မိုးရေနုတ်မြောင်းတစ်ခုအတွင်း ဝှက်ထားသော အီရတ်ဒီနား ၁၄ ဘီလီယံ (ဒေါ်လာ ၁၀.၆ သန်း) ကို ရှာဖွေတွေ့ရှိခဲ့သည့် ဖြစ်စဉ်မှာလည်း လူထုကြားတွင် အံ့ အားသင့်စရာ ဖြစ်ခဲ့သည်။ အဆိုပါ အမှုများတွင် အိမ်ခြံမြေများ၊ ယာဉ်များနှင့် ရွှေထည်ပစ္စည်းများလည်း ပါဝင်သည်။

“Operation Dawn” စစ်ဆင်ရေးသည် နိုင်ငံတော်ရန် ပုံငွေကို အလွဲသုံးစားလုပ်သူ မည်သူ့ကိုမဆို ရာထူးနေရာမရွေး အရေးယူရန် ရည်ရွယ်သည်။ ဤစစ်ဆင်ရေးတွင် လွှတ်တော်အမတ်အချို့ပင် ၎င်းတို့၏ နိုင်ငံရေးအရ ကာကွယ်စောင့်ရှောက်မှု (Immunity)ကို ဖယ်ရှားခံခဲ့ရပြီး အရေးယူခံရမှုများ ရှိသည်။
အီရတ်သမာဓိကော်မရှင် (Iraqi Integrity Commiss-ion)သည် လက်ရှိ ပြည်ပတွင်နေထိုင်နေသော သံသယရှိသူ ရာနှင့်ချီကို ပြန်လည်လွှဲပြောင်းရယူရန်နှင့် မှောင်ခိုလမ်းကြောင်းမှ ရောက်ရှိသွားသော ပိုင်ဆိုင်မှုများကို ခြေရာခံရန် တရားဥပဒေဆိုင်ရာ ဖိုင်များကို ပြင်ဆင်ထားပြီးဖြစ်သည်။ အယ်လ်အဘူဒီက အလိုရှိနေသော ရာဇဝတ် ကောင်များနှင့် ပိုင်ဆိုင်မှုများကို ပြန် လည်ရယူရန်အတွက် အီရတ်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်မှု ပရိုတိုကောရှိသော နိုင်ငံများထံ “Red Notice” (အလိုရှိသူစာရင်း) ပေးပို့ထားကြောင်း အတည်ပြုပြောကြားခဲ့သည်။
အီရတ်အစိုးရ၏ ဤဆောင်ရွက်ချက်များသည် ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်သူများကို အပြစ်ပေးရန်နှင့် အဂတိ လိုက်စားမှုများကို အမြစ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပြတ်သားစွာ လုပ်ဆောင်လျက်ရှိသည်။
Telegram»… https://t.me/positiveanglenews
#PAN