
(ပြည်တွင်း) ဇူလိုင် ၁၃
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား အလွတ်သဘောအစည်းအဝေးသို့ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဦး ဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ခံအစိုးရသစ် တာဝန်ယူချိန်မှစ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုကဲ့သို့သော နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေမှုများ၊ အာဆီယံ AHA Centre မှတစ်ဆင့် ရရှိသည့် လူသားချင်းစာနာမှုအကူ အညီများကို ခွဲခြားမှုမရှိဘဲ ပြည်သူများထံ ဖြန့်ဝေပေးအပ်နေသည့် အခြေအနေများကို အသေး စိတ် ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက ဇူလိုင် ၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သည့် “အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့် ပတ်သက်သော အရေးကြီးအဆို” ကို အလေးပေးတင်ပြခဲ့သည်။ ယင်းအဆိုအရ အဆိုပါထုတ်ပြန်ချက်မှာ အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေပြီး မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း အစိုးရအနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိကြောင်း ပြောကြား သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ သိမ်မွေ့နက်နဲသည့် နိုင်ငံရေးအခြေအနေကို နားလည်ပေးရန်နှင့် မြေပြင်အခြေ အနေနှင့် ကိုက်ညီသည့် အပြုသဘောဆောင်သော ရှုမြင်သုံးသပ်မှုများ ပြုလုပ်ကြရန် အာဆီယံနိုင်ငံများကို တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင် မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် အာဆီယံနှင့် အဖြစ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း အလေးထား ပြောကြားခဲ့သည်။
Telegram»… https://t.me/positiveanglenews
#PAN