အီရန်ခေါင်းဆောင်၏ ဈာပနတွင် ထရမ့်အား လုပ်ကြံရန် ကြွေးကြော်မှုများကြောင့် အမေရိကန်နှင့် အီရန်အကြား စစ်ရေးတင်းမာမှုများ မြင့်တက်  

(နိုင်ငံတကာ) ဇူလိုင် ၁၁

    အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာ အလီခါမေနီ၏ ဈာပနအခမ်းအနားအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား လုပ်ကြံသတ်ဖြတ်ရန် လူသိရှင်ကြား ကြွေးကြော်မှုများ ထွက်ပေါ်လာပြီးနောက်ပိုင်း ဝါရှင်တန်နှင့် တီဟီရန်အကြား ပဋိပက္ခမှာ ပြင်းထန်သော စစ်ရေးခြိမ်းခြောက်မှုများဆီသို့ ဦးတည်သွားခဲ့သည်။                   

    အဆိုပါဖြစ်ရပ်နှင့် ဆက်စပ်၍ အစ္စရေးထောက်လှမ်းရေးအဖွဲ့က အီရန်သည် သမ္မတထရမ့်အား လုပ်ကြံရန် “အသစ် စက်စက်နှင့် တိကျသော” အစီအစဉ်တစ်ခု ရေးဆွဲထားကြောင်း အမေရိကန်ထံ သတိပေးချက်ပေးပို့ခဲ့သည်။ ယင်းသတိပေးချက်ကြောင့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့ က သမ္မတထရမ့်၏ လုံခြုံရေးကို အထူးအဆင့်မြှင့်တင်ခဲ့ရပြီး ခရီးစဉ်များတွင် လေ ယာဉ်ပြောင်းလဲစီးနင်းစေသည်အထိ လုံခြုံရေးတင်းကျပ်ခဲ့သည်။                    

    ဤအခြေအနေများအပေါ် သမ္မတထရမ့်က သူ၏ Truth Social ပလက်ဖောင်းမှတစ်ဆင့် အီရန်အစိုးရကို ပြင်းထန်စွာ သတိပေးခဲ့သည်။ “အီရန်အစိုးရက အမေရိကန်သမ္မတကို လုပ်ကြံဖို့ ကြိုးပမ်းမယ်ဆိုရင် ဒုံးကျည် ၁၀၀၀ သည် ပစ်ခတ်ဖို့ အသင့်ဖြစ်နေပြီဖြစ်ပြီး နောက်ထပ်ထောင်ပေါင်းများစွာကိုပါ ချက်ချင်းပစ်ခတ်သွားမည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံ၏ နယ်မြေအားလုံးကို လုံးဝဖျက်ဆီးပစ်ရန် အမေရိကန်စစ်တပ် အဆင် သင့်ရှိနေပြီ” ဟု ရေးသားခဲ့သည်။

     ၂၀၂၀ ပြည့်နှစ်က အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလိုင်မာနီကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အီရန်သည် ထရမ့်အား လက်စားချေရန် အမြဲပစ်မှတ်ထားလျက်ရှိသည်။ လက်ရှိတွင် ဟော်မုဇ်ရေလက်ကြားအနီး ကုန်သွယ်ရေးသင်္ဘောများ တိုက် ခိုက်ခံရမှုနှင့်အတူ အမေရိကန်၏ လေ ကြောင်းတိုက်ခိုက်မှုများ၊ အီရန်၏ ဒုံးကျည်ဖြင့် ပြန်လည်တုံ့ပြန်မှုများကြောင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီဖြစ်ကြောင်း သမ္မတထရမ့်က ကြေညာခဲ့သည်။             

     တစ်ဖက်တွင်လည်း အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်က အမေရိကန်၏ ဖိအားပေးမှုများကို မည်သို့မျှ အညံ့ခံမည်မဟုတ်ကြောင်း၊ မိမိနိုင်ငံကို ကာကွယ်ရန် အပြည့်အဝအဆင်သင့်ရှိနေကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

     သို့သော်လည်း နောက်ကွယ်တွင် ကာတာ၊ ပါကစ္စတန်နှင့် အိုမန်နိုင်ငံတို့က ကြားဝင်ဖျန်ဖြေပေးလျက်ရှိပြီး သံတ မန်ရေးရာ ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ ကာတာ ကြားဝင်ဖျန်ဖြေသူများ မှာ တီဟီရန်သို့ ရောက်ရှိနေပြီဖြစ်သည်။                  

     Tasnim သတင်းအေဂျင်စီ၏ အဆိုအရ နိုင်ငံခြားရေးဝန် ကြီး အဘတ်စ် အရတ်ချီသည် Hormuz ရေလက် ကြား၏ လုံ ခြုံရေးဆိုင်ရာ ဆွေးနွေးရန် အိုမန်နိုင်ငံ၏ မြို့တော် မက်စကတ်သို့ ရောက်ရှိနေကြောင်း သိရသည်။

   ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘာဇ် ရှရစ်ဖ်သည် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ခီယန်နှင့် ဖုန်းဖြင့် ဆက်သွယ်၍ မကြာသေးမီက ဖြစ်ပွားခဲ့သော တင်းမာမှုများအတွက် “အလွန်စိုးရိမ်မိကြောင်း” ဖော်ပြခဲ့သည်။ ရှရစ်ဖ်က အီရန်နှင့် အမေရိကန် နှစ်နိုင်ငံလုံးအား သည်းခံမှုရှိကြရန် တိုက် တွန်းခဲ့သည်။

Telegram»… https://t.me/positiveanglenews

#PAN