မြစ်ကြီးနားမြို့တွင် နေအိမ်မီးပလပ်ခုံ အပူလွန်ကဲရာမှ လူနေအိမ် ၁လုံးမီးလောင်မှုဖြစ်ပွား

(မှုခင်း) ဇူလိုင် ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ (၂၁)ရှိ နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ(၁၁)ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ရမ်ပူရပ်ကွက်၊ နယ်မြေ (၂၁)ရှိ နေအိမ်တစ်လုံးတွင် အိမ်အပေါ်ထပ်အခန်းအတွင်း၌ သွယ်တန်းထားသော မီးပလပ်ခုံအပူလွန်ကဲရာမှ အနီးရှိ အထပ်သားနံရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်(၂၅)ဦး၊ အရန်(၃၀)ဦး၊ စုစုပေါင်း(၅၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် မိနစ်(၂၀)ကြာ ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆ်ိုပါ မီးလောင်မှုကြောင့် အကျယ်(၁၈×၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်ညှပ် (၂)ထပ် လူနေအိမ်၏ အပေါ်ထပ်(၁)ထပ် မီးလောင်ပျက်စီးသွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးခြင်းမရှိကြောင်း အိမ်ရှင်ဖြစ်သူကို မြစ်ကြီးနားနယ်မြေရဲစခန်းတွင် ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN