အမြန်လမ်းတွင် မြစန္ဒာခရီးသည်ယာဉ်မောင်းအိပ်ငိုက်သဖြင့် လမ်းအကာအရံပစ္စည်းများအား တိုက်မိ

(မှုခင်း) ဇူလိုင် ၁၁

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၄/၇နင့်၁၆၅/၀ကြားတွင် မြစန္ဒာခရီးသည်ယာဥ်သည် ယာဥ်ကြောအလယ်ရှိ လမ်းအကာအရံပစ္စည်းများအား တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၅နာရီ၄၀မိနစ်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၄/၇နင့်၁၆၅/၀ကြားတွင်ယာဉ်မောင်းပါ (၇)ဦး လိုက်ပါလာသည့် 6I/2249 Higer အမျိုးအစားမြစန္ဒာ ခရီးသည်တင် (EXPRESS )ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ ယာဥ်ကြောအလယ်ရှိ လမ်းအကာအရံပစ္စည်းများအား တိုက်မိ ရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှုဖြစ်ပွါးခဲ့သည်။

အဆိုပါ ယာဥ်မတော်တဆမှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် မ(၁)ဦး စုစုပေါင်း (၂)ဦးမှာထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့သည်။

အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုသည်ယာဉ်မောင်းအိပ်ငိုက်ခြင်း ကြောင့်ဖြစ်ပါ၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

Telegram»…https://t.me/positiveanglenews

#PAN