လမ်းဘေးရပ်ထားသည့် ၁၂ ဘီးကားကို နောက်မှဝင်တိုက်ပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

(မှုခင်း) ဇူလိုင် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် လမ်းဘေး၌ ရပ်တန့်ထားသော ၁၂ ဘီး ကုန်တင်ယာဉ်အား ဆိုင်ကယ်တစ်စီးက နောက်မှဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက်၊ နံနက် ၄ နာရီခွဲခန့်က အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးတွင် စက်သုံးဆီအရောင်းဆိုင်တစ်ခုမှ ဝန်ထမ်းအမျိုးသားတစ်ဦး မောင်းနှင်လာ သည့်မော်တော်ဆိုင်ကယ်သည် မြသိင်္ဂီစိုက်ပျိုးရေးနှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်ရှေ့ လမ်းဘေးတွင် ရပ်တန့်ထားသည့် ၁၂ ဘီး ကုန်တင်ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ရုပ်အလောင်းအား မဟာ လူမှုကူညီရေးအသင်း ယာဉ်ဖြင့် အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်ကို မဆင်မခြင် မောင်းနှင်ပြီး မိမိကိုယ်ကိုယ် သေဆုံးစေသူ ဆိုင်ကယ်ယာဉ်မောင်းအား အောင်ပန်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN