တာချီလိတ်ရှိ “Bao Bao” စားသောက်ဆိုင်မှ စားပွဲထိုးတစ်ဦး ကြိုးဆွဲချသေဆုံး

(မှုခင်း) ဇူလိုင် ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စားပွဲထိုးတစ်ဦး ဆိုင်ခြံဝန်းအတွင်း ကြိုးဆွဲချသေဆုံးခဲကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်ခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ “Bao Bao” စားသောက်ဆိုင်တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူ မောင်ဇော်မျိုးထွေးသည် စားသောက်ဆိုင်ခြံဝန်းအတွင်း ရှိ ဗန်ဒါပင်မှ သစ်ကိုင်းတွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲတိုက်သို့ ပို့ဆောင်ထားရှိပြီး၊ ၎င်းသေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သေချာစေရန်အတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN