အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် DKBA ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး၊ နယ်စပ်အွန်လိုင်းလိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်ရန်နှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် သဘောတူ 

(ပြည်တွင်း) ဇူလိုင် ၁၀                             

    လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦး ဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ ကြိုတင်ကန့် သတ်ချက်မရှိသော ဖိတ်ခေါ်ချက် (ကြေညာချက်အမှတ် ၁/၂၀၂၆)အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တို့၏ တွေ့ဆုံဆွေး နွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေ ပြည်တော်ရှိ သင်္ဂဟဟို တယ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။                   

     ဆွေးနွေးပွဲသို့ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး၊ DKBA ဘက်မှ စစ်ဦးစီးချုပ် စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်၊ စစ်ရေးချုပ် စောစိန်ဝင်း၊ အမှတ် (၁) ကွပ်ကဲရေးမှူး စောထူးအောင်၊ နည်းဗျူဟာမှူး စောအောင်ထူး၊ စီးပွားရေးတာဝန်ခံ စောနေဘလုနှင့် ကုန်သွယ်ရေးဒုတိယဌာနမှူး စောမြင့်ဦးတို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နောင်မျိုးဆက်သစ်များအတွက် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲလုပ်ဆောင်ရန် ပြောကြားခဲ့ပြီး၊ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှု (Cyber Crime)တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် DKBA အနေဖြင့် ယင်းလုပ်ငန်းများနှင့် ပတ် သက်မှုမရှိစေလိုကြောင်း ထည့် သွင်းပြောကြားခဲ့သည်။

     ထို့ပြင် ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က DKBA နယ်မြေများဖြစ်သည့် ဝေါလေ၊ ကျောက်ခတ်နှင့် ဘုရားသုံးဆူဒေသတို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုံးဝကင်းစင်ရေးအတွက် နယ်မြေခံတပ်များ၊ ဒေသအစိုးရအဖွဲ့များနှင့် လက်တွဲတိုက်ဖျက်ရန် တိုက်တွန်းခဲ့သည်။ ကရင်ပြည် နယ်အတွင်း မြေပြင်လုံခြုံရေးနှင့် စစ်ဆင်ရေးအခြေအနေများအရ DKBA အနေဖြင့် သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်နှင့် ဆက်သွယ်ပူးပေါင်းညှိနှိုင်းမှု ပိုမိုမြှင့်တင်ရန်နှင့် တိုက်ပွဲများ လျှော့ချရပ်တန့်ရေးမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးကို အလေးထားရန် ရှင်း လင်းဆွေးနွေးခဲ့သည်။

DKBA စစ်ဦးစီးချုပ် စောရွှေဝ က နယ်မြေတည်ငြိမ်ရေးအတွက် အစိုးရနှင့် လက်တွဲဆောင်ရွက်ခဲ့သလို ပဋိပက္ခများတွင် ဘက်မလိုက်ဘဲ ကြားနေခဲ့ကြောင်း၊ ပြည်သူများ ခံစားရမှု လျော့ ပါးစေရန် နည်းလမ်းရှာပြီး ယခင်ခေါင်းဆောင်ကြီးများ၏ လမ်းစဉ်အတိုင်း ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။               

     နှစ်ဖက်ဆွေးနွေးပွဲတွင် ဒေသတွင်း အကြမ်းဖက်အဖွဲ့များ မရှိစေရေး၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ကျောက်ခတ်ဒေသရှိ စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းအဆင့်မြှင့်တင်ရေး၊ ပြဋ္ဌာန်းစာအုပ်နှင့် ဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

    ကျန်းမာရေးကဏ္ဍအနေဖြင့် ဒေသတွင်း၌ ငှက်ဖျားနှင့် တုပ် ကွေးရောဂါများ ဖြစ်ပွားနေသဖြင့် ကာကွယ်ဆေးနှင့် ကုသဆေး ဝါးများ ပံ့ပိုးပေးရန်၊ နယ်စပ်ဒေသလမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးတို့ကို ညှိနှိုင်းခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ဆွေးနွေးချက်များကို မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရလက် ဆောင်များ ပေးအပ်ကာ အစည်း အဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။          


Telegram»… https://t.me/positiveanglenews

#PAN