
(နိုင်ငံတကာ) ဇူလိုင် ၉
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ သက်တမ်းအတွင်း အဓိကအမှတ်အသားဖြစ်သော ဒေါ်လာ ၁၅ ဘီလီယံတန် “အခမဲ့ အာဟာရပြည့်ဝသော အစားအစာများ” စီမံကိန်းသည် အဂတိလိုက်စားမှုနှင့် စီမံခန့်ခွဲမှု လွဲမှားခြင်းများကြောင့် လက်ရှိတွင် နိုင်ငံ၏ အကြီးမားဆုံး အဂတိအရှုပ်တော်ပုံတစ်ခုအဖြစ်သို့ ကူးပြောင်းမြင့်တက်လာနေပြီး အစိုးရအာဏာပိုင်များ ကိုင်တွယ်ဖြေရှင်းရန် အကြီး အကျယ် အကျပ်ရိုက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်တွင် စတင်ခဲ့သည့် အဆိုပါစီမံကိန်းသည် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ကလေးငယ်များအကြား ဖြစ်ပွားနေသည့် အာဟာရချို့တဲ့မှုကြောင့် ကြီးထွားမှုရပ်တန့်ခြင်း (ပုညှက်ခြင်း) ၏ နာတာရှည်ပြဿနာကို ဖြေရှင်းရန်နှင့် ဒေသတွင်းစီးပွားရေး နှိုးဆွရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၁၈ လအတွင်း တစ်နိုင်ငံလုံး၌ မီးဖိုချောင်ပေါင်း ၂၈,၀၀၀ နီးပါး တည်ထောင်ကာ ကျောင်းသားများကို ကျွေးမွေးခဲ့သော်လည်း၊ ယခုအခါ လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်အမင်း ကြီးမားဖောင်းပွပြီး စနစ်တကျ ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း ဝေဖန်ခံနေရသည်။

ယခုနှစ် ဇွန်လအစောပိုင်းတွင် အင်ဒိုနီးရှား အမျိုးသားအဟာရအေဂျင်စီ၏ အကြီးအကဲနှင့် ၎င်း၏ဒုတိယအကြီးအကဲနှစ်ဦးကို အမေရိကန်ဒေါ်လာ ၅၆ မီလီယံတန်ဖိုးရှိ ပစ္စည်းဝယ်ယူရေး လိမ်လည်မှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက်၊ စုံစမ်းစစ် ဆေးမှုများ ကျယ်ပြန့်လာကာ တာဝန်ထမ်းဆောင်ဆဲ ရဲအရာရှိနှင့် စစ်ဘက်အရာရှိတစ်ဦး အပါ အဝင် စုစုပေါင်း လူခုနစ်ဦးအထိ ဖမ်း ဆီးအရေးယူထားရသည်။
စီးပွားရေးပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ထောက်ပြချက်အရ ယခုစီမံကိန်းအတွက် ဘတ်ဂျက်များကို ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများမှ ခွဲဝေယူထားရသဖြင့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရေရှည်တွင် မတတ်နိုင်သော အခြေ အနေဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစိုးရက ရန်ပုံငွေစိုက်ထုတ်ပြီး ဖောင်ဒေးရှင်းကွန် ရက်များကို လုပ်ပိုင်ခွင့်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းပုံစံဖြင့် လည် ပတ်ခွင့်ပေးထားသည့် အဆိုပါမီးဖိုချောင်အော်ပရေတာများ သည် တစ်ရက်လျှင် “နေ့စဉ်မက်လုံးပေးကြေး” အဖြစ် အင်ဒိုနီးရှားရူပီးယား ၆ သန်း (ဒေါ်လာ ၃၂၄ ခန့်)အထိ အလကားရရှိနေကြသည်။

ပို၍ဆိုးသည်မှာ အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးဖြစ်သည့် အရှေ့ဘက်ပါပူအာဒေသကဲ့သို့ ဆင်းရဲသောနေရာများတွင် မီးဖို ချောင် ၂၇၀ ခန့်သာ ရှိပြီး၊ အချမ်းသာဆုံးနှင့် လူဦးရေအများဆုံးဖြစ်သည့် ဂျာဗားကျွန်းတွင်မူ မီးဖိုချောင်ပေါင်း ၁၈,၀၀၀ ကျော် (စီမံကိန်းတစ်ခုလုံး၏ ထက်ဝက်ကျော်)အထိ ဖောင်းပွစွာ တည်ထောင်ထားခြင်းဖြစ်သည်။
စားနပ်ရိက္ခာဝန်ကြီး ဇူကစ်ဖလီ ဟာဆန်၏ အဆိုအရ စီမံ ကိန်းတွင် လိုအပ်ချက်ထက် ပိုလျှံနေသည့် မီးဖိုချောင်ပေါင်း ၇,၀၀၀ ခန့် ရှိနေပြီး အဆိုပါအပိုမီးဖိုချောင်များအတွက် မက်လုံးပေးကြေးသက်သက်တင် နိုင်ငံတော်ဘဏ္ဍာမှ တစ်လလျှင် ဒေါ်လာ ၅၄ မီလီယံခန့် လေလွင့်ပြုန်းတီးနေရသည်။
ထို့ပြင် အာဟာရချို့တဲ့မှု တားဆီးရေးအတွက် အဓိကပစ်မှတ်ထားရမည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် လမ်း လျှောက်တတ်စ ကလေးငယ်များမှာ အကျိုးခံစားခွင့်ရှိသူ သန်း ၂၅ ကျော်အနက် ၅ ရာခိုင်နှုန်းသာ ပါဝင်ပြီး၊ အထက်တန်းကျောင်းအထိ အသက် အရွယ်မရွေး ကျွေးမွေးနေခြင်းက မူဝါဒဒီဇိုင်း မှားယွင်းနေကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။ ၎င်းအပြင် ပြီးခဲ့သည့် ဧပြီလအထိ အစားအစာအဆိပ်သင့်မှုဖြစ်ရပ်ပေါင်း ၃၃,၀၀၀ အထိ ရှိခဲ့ခြင်းကလည်း စီမံကိန်းပုံရိပ်ကို ထိခိုက်စေခဲ့သည်။
ဝေဖန်မှုများ ပြင်းထန်လာပြီးနောက် အစိုးရအနေဖြင့် ဘတ် ဂျက်ကို အမေရိကန်ဒေါ်လာ ၁၈.၄ ဘီလီယံမှ ၁၄.၇ ဘီလီယံသို့ လျှော့ချခဲ့ပြီး၊ နောက်ထပ် ဒေါ်လာ ၂.၂ ဘီလီယံကိုလည်း ထပ်မံဖြတ်တောက်ရန် စီစဉ်နေသည်။ အမျိုးသားအာဟာရအေဂျင်စီကလည်း ရှိပြီးသား ကျောင်းမုန့်ဈေးဆိုင်များကို အဆင့်မြှင့်တင်အသုံးပြုမည့်အစား မီးဖိုချောင်အသစ်များ ဆောက်လုပ်ခဲ့မိသည့် အမှားကို ပြင်ဆင်ရန်နှင့် ဖွံ့ဖြိုးမှုနောက်ကျသော နယ်စပ်ဒေသ (3T Regions) ရှိ မိခင်များနှင့် ကလေးငယ်များကိုသာ သီးသန့်ပစ်မှတ်ထားမည့် အစီအစဉ်အသစ်ကို ပြင်ဆင်နေကြောင်း သိရသည်။
သို့သော်လည်း သမ္မတ ပရာဘိုဝိုကမူ ၎င်း၏ စီမံကိန်းကို ဆက်လက်ကာကွယ်ပြောဆိုထားပြီး “အချို့သော ပညာတတ်တွေက ဗိုက်ဟောင်းလောင်းဖြစ်နေတာထက် ပိုအရေး ကြီးတဲ့အရာတွေ ရှိသေးတယ်လို့ ပြောကြတယ်။ ကျွန်တော့်အမြင်အရတော့ ဆာလောင်နေတဲ့ ဝမ်းဗိုက်ကို ချက်ချင်းမဖြည့်ပေးရင် အဲဒီလူ သေသွားပါလိမ့်မယ်” ဟု ဆိုကာ စီမံ ကိန်းကို ဆက်လက်တွန်း အားပေးသွားမည့် သဘောကို ထုတ်ဖော်ပြောကြားခဲ့သည်။
Telegram»… https://t.me/positiveanglenews
#PAN