တောင်ကြီးတွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ဖမ်းမိ

(မှုခင်း) ဇူလိုင် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ အမျိုးသား တစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေး လိမ္မော်ရောင် ဆေးပြား ၁၀၀၀၀ အား ဖမ်းမိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၈ရက် မွန်းလွဲပိုင်းအချိန်က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၉)၊ သဇင်-၃ လမ်းမပေါ်တွင် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် ခွန်ခမ်းထို (ခ) ငါးမန်း မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် အနီရောင် လွယ်အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေး လိမ္မော်ရောင် ဆေးပြား ၁၀၀၀၀ ကို ရှာဖွေတွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွမူးယစ်ဆေးပြားများနှင့် အတူ ဖမ်းဆီရမိခဲ့သည့် ခွန်ခမ်းထို (ခ) ငါးမန်း အား သက်ဆိုင်ရာ ရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#PAN