(မှုခင်း) ဇူလိုင် ၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ မောက်ကျေးရွာအနီးရှိ KNU ထိန်းချုပ်နယ်မြေဖြစ်သည့် တောတွင်းဘက်ရှိတရားမဝင်ကုန်ပစ္စည်းများသိုလှောင်ထားသည့် ကုန်သို လှောင်လုံရုံအား တပ်မတော်မှ အပြည်အဝထိန်းချုပ်သိမ်းပိုက်နိုင်လိုက်ကြောင်း သိရသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရကုန်သိုလှောင်ရုံမှ တရားမဝင်ကုန်ပစွည်းများနှင့် ခရီးသည်တင်ယာဉ်နှင့် မော်တော်ယာဉ်များကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ အကြမ်းဖက် KNU/PDF အဖွဲ့ကို ငွေကြေးပေး၍ တရားမဝင် ကုန်များ သယ်ဆောင်မှုတွင် ပါဝင်သူများ၊ သိုလှောင်သူများနှင့် နောက်ကွယ်၌ ပါဝင်ပတ်သက်သူများကို တပ်မတော်က ဖော်ထုတ် အရေးယူမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

#PAN