ကမ္ဘာ့ဖလားကို လှုပ်ခတ်သွားသည့် ထရမ့်၏ ဖုန်းခေါ်ဆိုမှု၊ အမေရိကန်တိုက်စစ်မှူး ဘာလိုဂန်၏ အနီကတ်ပြစ်ဒဏ်ကို ဖီဖာက ဆိုင်းငံ့ပေးခဲ့မှုအပေါ် တစ်ကမ္ဘာလုံးက အပြင်း အထန် ဝေဖန်ရှုတ်ချ      

(နိုင်ငံတကာ) ဇူလိုင် ၇

   ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်အမျိုးသားအသင်း၏ ကမ္ဘာ့ဖလားခရီးစဉ်သည် ထူးဆန်းဆန်းပြားသော နိုင်ငံရေးအလှည့်အပြောင်းတစ်ခုနှင့်အတူ အကြီးမားဆုံး အငြင်းပွားဖွယ်ရာ အရိပ်မည်းအောက်သို့ ရောက်ရှိသွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ တိုက် ရိုက်ဖုန်းခေါ်ဆိုမှုအပြီးတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က အမေရိကန်ကြယ်ပွင့် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် (Folarin Balogun)၏ အနီကတ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးခဲ့ခြင်းကြောင့် ဘောလုံးလောကတစ်ခုလုံး တုန်လှုပ်ခြောက်ခြားလျက် ရှိသည်။

     အမေရိကန်အသင်း၏ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး ဘာလိုဂန်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဘော့စနီးယားနှင့်ပွဲတွင် ပြိုင် ဘက်ကစားသမား၏ ခြေကျင်းဝတ်ကို နင်းမိခဲ့သဖြင့် တိုက်ရိုက်အနီကတ်အပြခံရပြီး အလိုအလျောက် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရသည်။ သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုထံ တိုက်ရိုက်ဖုန်းခေါ်ဆိုကာ အဆို ပါဖြစ်ရပ်ကို ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုခဲ့သည်။               

     ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားရာ၌ “အဲဒါဟာ ဖောက်ဖျက်ကျူးလွန်မှု (Foul) မဟုတ်ပါဘူး။ အရှိန်ပြင်းပြင်းပြေးလာတဲ့ လူနှစ်ယောက် တိုက်မိတာတင်ပါ” ဟု ပြောဆိုခဲ့ပြီး ကွင်းလယ်ဒိုင်ကိုလည်း “အလွန်သံသယဖြစ်ဖွယ်ကောင်းသူ” ဟု စွပ်စွဲခဲ့သည်။ ယင်းနောက် ဖီဖာသည် စည်း ကမ်းထိန်းသိမ်းရေးဥပဒေ အပိုဒ် ၂၇ ကို ကိုးကားကာ ဘာလိုဂန် ၏ အနီကတ်ပြစ်ဒဏ်ကို အံ့ဩဖွယ် ဆိုင်းငံ့ပေးခဲ့သဖြင့် ၎င်းအနေဖြင့် ဘယ်လ်ဂျီယံနှင့် ကစားရမည့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် ဝင်ရောက်ကစားခွင့် ရရှိသွားခဲ့သည်။               

     ဖီဖာ၏ ဤလုပ်ရပ်သည် ၁၉၆၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားသမိုင်းတွင် အနီကတ်ပြစ်ဒဏ်ကို ပထမဆုံးအကြိမ်အဖြစ် ပယ် ဖျက်ပေးခြင်းဖြစ်သည်။ ပြိုင်ဘက် ဘယ်လ်ဂျီယံ တော်ဝင်ဘော လုံးအဖွဲ့ချုပ် (RBFA)က ဖီဖာ၏ လုပ်ရပ်ကြောင့် “အလွန်အမင်း အံ့အားသင့်ရသည်” ဟု ဆိုကာ ကန့် ကွက်ခဲ့ပြီး၊ ဘယ်လ်ဂျီယံနည်းပြ ရူဒီ ဂါစီယာကလည်း “ဖီဖာရုံးခန်းတွေထဲမှာ ဇူလိုင်လ ၅ ရက်နေ့ဟာ ဧပြီလူညာနေ့ ဖြစ်နေမှန်း ကျွန်တော် မသိခဲ့ဘူး” ဟု ဖီဖာကို လှောင်ပြောင် သရော်ခဲ့သည်။

     ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကလည်း ထုတ်ပြန်ချက်ထုတ်ကာ “ဖီဖာရဲ့ ဒီဆုံးဖြတ်ချက်ဟာ စည်းကမ်းချက်ရဲ့ ရဲရဲ တောက် မျဉ်းနီကို ကျော်လွန်သွားခဲ့ပါပြီ။ နားမလည်နိုင်စရာဖြစ်ပြီး အကြောင်းပြချက် မခိုင်လုံတဲ့ ဆုံးဖြတ်ချက်ပါပဲ” ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ ဘယ်လ်ဂျီယံအဖွဲ့ချုပ်၏ ထောက်ပြချက်အရ ဖီဖာသည် အနီကတ်ပြခံရပါက အလို အလျောက် နောက်တစ်ပွဲပယ်ရမည်ဟူသော ၎င်း၏ ကိုယ် ပိုင်စည်းမျဉ်းများ (ဥပဒေအပိုဒ် ၆၆.၄ နှင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စည်းမျဉ်းအပိုဒ် ၁၀.၅)ကို အတိအလင်း ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။                          

     ဘယ်လ်ဂျီယံအဖွဲ့ချုပ်က ဖီဖာထံ တရားဝင်ရှင်းလင်းချက် တောင်းခံခဲ့သော်လည်း ဖီဖာသည် ၎င်းတို့၏ စာကို အယူခံမှုအဖြစ် အတင်းအကျပ် သတ်မှတ်ကာ နာရီပိုင်းအတွင်းမှာပင် ဘယ်လ်ဂျီယံ၏ ကန့်ကွက်မှုကို “လက်ခံနိုင်ဖွယ်မရှိ” (Inadmissible) ဟု ဆိုကာ ပယ်ချပစ်ခဲ့သည်။ ထို့အပြင် ပွဲကြိုညှိနှိုင်းအစည်းအဝေးတွင်လည်း ကစားသမားပွဲပယ်ခြင်းဆိုင် ရာကဏ္ဍကို ဖီဖာက တမင်သက်သက် ချန်လှပ်ထားခဲ့သည်ဟု ဘယ်လ်ဂျီယံဘက်က စွပ်စွဲထား သည်။

     ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ပလတ္တာ (Sepp Blatter)က “အနီကတ်တွေဆိုတာ နိုင်ငံရေးအရ ဖုန်းခေါ်ရုံမျှနဲ့ ပယ်ဖျက်လို့ရတာ မဟုတ်ပါဘူး။ အခုလို အမေရိကန်သမ္မတ ကြားဝင်လို့ ကစား သမားတစ်ယောက်ကို လွှတ်ပေးလိုက်တာက ‘ဖီဖာ၊ မင်းဘယ်လဲ’ ဆိုတဲ့ မေးခွန်းကို ဖြစ်စေပါတယ်” ဟု ဝေဖန်ခဲ့သည်။

     အလားတူပင် အင်္ဂလန်နည်းပြ သောမတ်စ် တူချယ်၊ နော်ဝေနည်းပြ ဆိုးလ်ဘာကန်နှင့် ဘောလုံးဝေဖန်သူ ရွိုင်းကိန်းတို့ကလည်း ဤဆုံးဖြတ်ချက်သည် ဘောလုံးအားကစား၏ ဂုဏ် သိက္ခာနှင့် မျှတစွာယှဉ်ပြိုင်ခြင်း (Fair Play) မူဝါဒကို ရိုက်ချိုးလိုက်သည့် ရှက်ဖွယ်ကောင်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း တညီတညွတ်တည်း ပြစ်တင်ပြောဆိုထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN