၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာ နိုင်ငံမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၅ သိန်းကျော် တင်ပို့ပြီး ဒေါ်လာ ၁၆၇ သန်း ရရှိ       

(ပြည်တွင်း) ဇူလိုင် ၆                             

   ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ် (Q1) ဖြစ်သော ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း မြန်မာ နိုင်ငံသည် ပြည်ပနိုင်ငံများသို့ ရေကြောင်းကုန်သွယ်မှုလမ်း ကြောင်းမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲ တန်ချိန်ပေါင်း ၅၂၉,၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၇ သန်း ဝင်ငွေရှာဖွေပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)၏ နောက်ဆုံးရထုတ်ပြန်ချက်အရ သိရသည်။                          

    ဘဏ္ဍာရေးနှစ်အစဖြစ်သော ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဆန်တင်ပို့မှု ပမာဏနှင့် ကုန်သွယ်မှုတန်ဖိုးများမှ ဧပြီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၆၉,၅၅၉ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၁ သန်း ရရှိခဲ့သည်။ မေလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၃၆,၂၆၂ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၂ သန်း ရရှိခဲ့သည်။ ဇွန်လတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂၂၃,၇၁၄ အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၇၄ သန်း ရရှိခဲ့သည်။                             

    မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)၏ အချက် အလက်များအရ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြန်မာ နိုင်ငံ၏ ဆန်တင်ပို့မှုစုစုပေါင်းသည် တန်ချိန် ၂.၇ သန်းကျော်လွန်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့သည်။ အလားတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်မူ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၄၈ သန်း တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁.၁၂၉ ဘီလီယံကျော်အထိ စံချိန်တင် ဝင်ငွေရရှိခဲ့ကြောင်း နှိုင်းယှဉ်ဖော်ပြထားသည်။

    လတ်တလောတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သတ်မှတ်ထားသော လစဉ်ပို့ကုန် ရည်မှန်း ချက်များ ပြည့်မီစေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုမြန် ဆန်ချောမွေ့စေရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အပါအဝင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ စက်မှုလက် မှုလုပ်ငန်းရှင်များအသင်း၊ ရာဘာစိုက်ပျိုးထုတ်လုပ် သူများအသင်းနှင့် ငါးလုပ် ငန်းအဖွဲ့ချုပ်တို့ကဲ့သို့သော နှီးနွှယ်ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် အနီးကပ် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                

Telegram»…
https://t.me/positiveanglenews

#PAN