ဆိုင်ကယ်ပစ္စည်းဆိုင်အတွင်း ဝင်ခိုးသည့် သူခိုးအား ဆိုင်ရှင်က ဓားနှင့်ထိုး၊ သူခိုးသေဆုံး၊ ဆိုင်ရှင် အဖမ်းခံရ

(မှုခင်း) ဇူလိုင် ၅

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊တာချီလိတ်မြို့နယ်၊ တာလေမြို့၊တွင် ဆိုင်ကယ်အပိုပစ္စည်း ရောင်းချသည့်ဆိုင်အတွင်း ဝင်ရောက်ကာ ခိုးယူရန်ကြိုးစားသူတစ်ဦးကို ဆိုင်ရှင်ဖြစ်သူက တွေ့သွားသဖြင့် ဓားဖြင့်ထိုးရာ ဝင်ခိုးသူသေဆုံးသွားကြောင်း သိရသည်။

ဇွန်လ ၅ ရက် မွန်းလွဲပိုင်းအချိန်တွင် တာလေမြို့ ရပ်ကွက် (၃)၊ ကောင်းကဲရွာရှိ PC – 150900 ဆိုင်ကယ်အပိုပစ္စည်းဆိုင်ရှိ ကောင်တာမှ ငွေများအား မျိုးမြင့်အောင် (ခ) အိုက်ဖန် (၃၈ )နှစ်ပုန်းထွန်းရပ်ကွက်၊ တာချီလိတ်မြို့နေသူက ဝင်ရောက်ခိုးယူခဲ့ရာ ဆိုင်ရှင်ဖြစ်သူ စိုင်းရှဲန်တွီ(၂၅)နှစ်မှ တွေ့မြင်သွားသဖြင့် ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားဒဏ်ရာဖြင့် ဝင်ခိုးသူ မျိုးမြင့်အောင် (ခ) အိုက်ဖန်သည် ဆိုင်ကယ်မောင်းကာ ဆေးရုံသို့ သွားခဲ့ရာ ဆေးရုံအရောက်တွင် သွေးထွက်လွန်ပြီး သေဆုံးသွားသဖြင့် ဓားဖြင့်ထိုးသူ ဆိုင်ရှင် စိုင်းရှဲန်တွီးကို တာလေရဲစခန်းတွင်ဖမ်းဆီးထားကြောင်း သိရသည်။

#PAN