(ပြည်တွင်း) ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် ဇူလိုင် ၁ ရက် နံနက် ၉ နာရီတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်သည့် စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီးစီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်များနှင့် ဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်က အသိအမှတ်ပြုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

#PAN