Grade 12 ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်၏သားဖြစ်သူအား ထောင်ဒဏ်၂၅နှစ် ချမှတ်

(မှုခင်း) ဇူလိုင် ၁

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းအုပ်၏သားဖြစ်သူအား အဓမ္မပြုကျင့်မှု အပါအဝင် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်၂၅နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဓမ္မပြုကျင့်မှု အပါအဝင် ပုဒ်မသုံးခုဖြင့် ပြစ်မှုကျူးလွန်သူ ဇာနည်သွေးအား တောင်ကြီး ခရိုင်တရားရုံးမှ ဇွန်လ၂၉ ရက် တွင်ရာဇသတ်ကြီး ပုဒ် ၃၇၆ (၁) အရ အလုပ် နှင့် ထောင်ဒဏ် နှစ် ၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၅၄ အရ အလုပ် နှင့် ထောင်ဒဏ် ၂ နှစ် ၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၄ အရ အလုပ် နှင့် ထောင်ဒဏ် ၃ နှစ်ဖြင့် ပြစ်ဒဏ်များ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ သစ်တောရပ်ကွက် အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်တွင် ကျောင်းတက်နေသော Grade 12 ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်း၍ အဆောင်၌ ပြန်နားနေစဉ် ကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး သူမ ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဇာနည်သွေးကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း ပေါ်ရှိ တောင်ကြီးဟိုတယ် အနီးတွင် ဇန်နဝါရီလ ၁၈ ရက်၊ မွန်းလွဲပိုင်းအချိန်ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းအား နယ်မြေရဲစခန်းတွင် (ပ) ၁၅/ ၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ – ၃၇၆ အမှုဖြင့် နစ်နာသူဘက်မှ အမှုဖွင့်ခဲ့ပြီး တောင်ကြီးခရိုင် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမှုဖြစ်ပွားခဲ့သည့် အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းကိုလည်း ရာသက်ပန် ပိတ်သိမ်း ထားပြီးဖြစ်ကြောင်း သိရသည်။

#PAN