လမ်းဖြတ်ကူးလာသူ ၂ ဦးအား ကားတစ်စီးမှ ဝင်တိုက်မိသဖြင့် ၁ ဦး သေဆုံး

(မှုခင်း) ဇူလိုင် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းမပေါ်တွင် လမ်းဖြတ်ကူးလာသူ ၂ ဦးအား မော်တော်ယာဥ်တစ်စီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၃၀ ရက်၊ ည ၈ နာရီခွဲခန့်က တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ ခွန်မောင်ရွှေ (ခ) ရွှေလေး မောင်းနှင်လာသည့် HONDA EDIX အမျိုးအစား အနက်ရောင် မော်တော်ယာဉ်သည် တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ M2 လေပြေ အထည်ဆိုင်ရှေ့တွင် လမ်းဖြတ်ကူးနေသူ ဦးဒီလ်ဗဟာဒူး (ခ) ကျော်ကျော်နှင့် အမျိုးသမီးတစ်ဦးအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးဒီလ်ဗဟာဒူး တွင် ခေါင်းသွေးထွက်ဒဏ်ရာ၊ ဝဲ/ယာ နားသွေးထွက် ဒဏ်ရာ၊ ပါးစပ် သွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း၊ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ခွန်မောင်ရွှေ( ခ) ရွှေလေးအား ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် တောင်ကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

#PAN