အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေ၍ “မွေးရာပါနိုင်ငံသားဖြစ်ခွင့်” အဆုံးသတ်ရန် ထရမ့်၏ အမှု ဆောင်အမိန့်ကို တရားရုံးချုပ်က ပယ်ချ

(နိုင်ငံတကာ) ဇူလိုင် ၁ 

    အမေရိကန်မြေပေါ်တွင် မွေးဖွားလာသူအားလုံးကို မွေးရာပါနိုင်ငံသားဖြစ်ခွင့် (Birthright Citizenship) အလို အလျောက် ပေးအပ်နေသည့် ရာစုနှစ်ချီကျင့်ထုံးကို အဆုံးသတ်ရန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ထုတ်ပြန်ခဲ့သည့် အမှုဆောင်အမိန့်ကို အမေရိကန်တရားရုံးချုပ် (US Supreme Court) က ပယ်ချလိုက်သည်။

     တရားသူကြီး ကိုးဦးပါဝင်သည့် တရားရုံးချုပ်က အဆိုပါကိစ္စကို ၆ ဦး – ၃ ဦးဖြင့် ဆုံးဖြတ်စီရင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် ၎င်းတို့နိုင်ငံအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးစနစ်ကို အကြီး အကျယ် ပြောင်းလဲပြင်ဆင်ရန် ကြိုးပမ်းနေသည့် သမ္မတ ဒေါ်နယ်ထရမ့်အတွက် ကြီးမားသော နိုင်ငံရေးထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။                 

     ထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် ဒုတိယအကြိမ် ရာထူးလက်ခံရယူပြီးနောက် ချက်ချင်းဆိုသလိုပင် အမေရိကန်၌ မွေးဖွားလာသော် လည်း ၎င်းတို့၏မိဘများသည် ယာယီတရားဝင်ဗီဇာဖြင့် နေထိုင်သူများ သို့မဟုတ် တရားဝင်အထောက်အထားမရှိဘဲ ခိုလှုံနေသူများ (Immigrants) ဖြစ်ပါက ကလေးများအား အမေရိကန်နိုင်ငံ သားအဖြစ် အလိုအလျောက်ရရှိခြင်းကို ပိတ်ပင်တားမြစ်ရန် သမ္မတ၏အမှုဆောင်အမိန့် (Executive Order) တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။                     

    တရားရုံးချုပ်၏ ယခုစီရင်ချက်သည် ထရမ့်၏အမိန့်သည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိသည့်အပြင် ယခင်စီရင်ထုံးများနှင့်လည်း ဖီဆန်နေသည်ဟူသော အောက်ခြေတရားရုံး၏ ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုထောက်ခံခဲ့ခြင်းဖြစ်သည်။

     အများစု၏သဘောထားကို ကိုယ်စားပြု၍ တရားသူကြီးချုပ် ဂျွန်ရော်ဘတ်စ် (John Roberts) က စီရင်ချက်ကို ရေးသားရာတွင် အမေရိကန်နိုင်ငံ၏ မွေးရာပါနိုင်ငံသားဖြစ်ခွင့် ကျင့်ထုံးသည် အင်္ဂလိပ်အခြေခံဥပဒေမှတစ်ဆင့် ၁၆၈ ခုနှစ်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၄ (14th Amendment) ကို အတည်ပြုခဲ့ခြင်းနှင့် ၁၈၉၈ ခုနှစ်တွင် “ယူနိုက်တက်စတိတ်နှင့် ဝမ်ကင်အာ့ခ်” (United States v Wong Kim Ark) အမှု၌ တရားရုံး ချုပ်၏ စီရင်ချက်တို့အထိ ခိုင်မာစွာ အမြစ်တွယ်နေကြောင်း ထောက်ပြခဲ့သည်။           

     တရားသူကြီးချုပ်က ထရမ့်အစိုးရအဖွဲ့မှ ရှေ့နေများနှင့် ကန့် ကွက်ခဲ့ကြသည့် တရားသူကြီးများသည် ကာလရှည် ကြာ တည်ရှိလာခဲ့သော ဥပဒေကို အဓိပ္ပာယ်တစ်မျိုးဖြင့် ပြန်လည်ဖွင့်ဆိုရန် ကြိုးပမ်းရာ၌ လုံလောက်သော သက် သေအထောက်အထားများ တင်ပြနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

     “ပြဿနာကတော့ ဒီလိုအကြီးအကျယ် ပြုပြင်ပြောင်းလဲလိုတဲ့ အမြင်အတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားက အလွန်ပဲ နည်းပါးနေတာပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၄ ကို ရေးဆွဲခဲ့သူတွေဟာ အဲဒီကတိကဝတ်ကို ‘ဒီမြေပေါ်မှာ လွတ်လပ်စွာ မွေးဖွားလာသူတိုင်း’ ဆီကို ပေးအပ်ခဲ့ကြတာပါ။ ကျွန်တော်တို့ဟာ ဒီနေ့မှာ အဲဒီကတိကဝတ်ကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားမှာဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။                      

   သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုစီရင်ချက်နှင့်ပတ် သက်၍ ချက်ချင်းတုံ့ပြန်ပြောကြားခြင်း မရှိသေးသော် လည်း၊ ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို ပြောင်းလဲရန်အတွက် လွှတ်တော် (Congress) က ဥပဒေတစ်ရပ် ပြဌာန်းနိုင်သည်ဟု အငြင်းပွားတင်ပြထားသည့် ဆောင်းပါးတစ်ပုဒ်ကို ရှယ်ယာလုပ်ခဲ့သည်။             

    သို့သော်လည်း လက်ရှိအမေရိကန် လွှတ်တော်အမတ် များအကြား ယင်းကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပစ်ရန်အတွက် နိုင်ငံရေးအရ လိုလားချက် သို့မဟုတ် သဘောထားဆန္ဒမျိုး လုံးဝနီးပါး မရှိသလောက်ဖြစ်ကြောင်း အကဲဖြတ်များက ထောက်ပြထားကြသည်။    

Telegram»…
https://t.me/positiveanglenews

#PAN