
(နိုင်ငံတကာ) ဇွန် ၃၀
ထိုင်းအမျိုးသားလေကြောင်းလိုင်း (Thai Airways) မှ အသက် ၂၆ နှစ်အရွယ် လေယာဉ်မယ်တစ်ဦးသည် သြစတြေးလျဒေါ်လာ ၅ သိန်းခန့် (ထိုင်းဘတ်ငွေ ၁၁ ဒသမ ၅ သန်း)တန်ဖိုးရှိ ဟီးရိုးအင်းမူးယစ်ဆေးဝါးများကို ခရီးဆောင်အိတ်များအတွင်း ဝှက်သယ်လာစဉ် မဲလ်ဘုန်းလေ ဆိပ်၌ အကောက်ခွန်အာဏာပိုင်များနှင့် ဖက်ဒရယ်ရဲတပ်ဖွဲ့ ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
အဆိုပါ လေယာဉ်မယ်သည် ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူး နေ့ညက ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်မှ ထွက်ခွာလာသည့် လေယာဉ်ခရီးစဉ်အမှတ် TG465 ဖြင့် လိုက်ပါလာခဲ့ပြီး ဇွန်လ ၂၅ ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် မဲလ်ဘုန်းလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူမ ဆင်းလာချိန်တွင် နယ် စပ်ဖြတ်ကျော်မှုဆိုင်ရာ အရာရှိများနှင့် မူးယစ်ဆေးဝါးရှာဖွေ ရေးခွေး (Sniffer dog)တို့က ၎င်းသယ်ဆောင်လာသည့် လက် ဆွဲအိတ် (Tote Bags) ၁၂ လုံးကို စစ်ဆေးခဲ့ရာမှ အိတ်များ၏ အတွင်းခံအလွှာ (Lining) များထဲတွင် အကွက်ချဝှက်ရက်သား ထည့်သွင်းထားသည့် ဟီးရိုးအင်း ၁ ကီလိုဂရမ်ကျော် (၂ ဒသမ ၂ ပေါင်)ကို ရှာဖွေပုံစံထုတ် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP)၏ ထုတ်ပြန်ချက်အရ ၎င်းအမျိုးသမီးအား ဇွန်လ ၂၆ ရက်နေ့ကတည်းက ချုပ်နှောင်ထားပြီး ဖြစ်သည်။ သူမကို နယ်စပ်ထိန်းချုပ်မူးယစ်ဆေး ဝါးများကို ရောင်းဝယ်ဖောက်ကားရန် အတိုင်းအတာပမာဏအထိ “တရားမဝင်တင်သွင်းမှု (၁) မှု” နှင့် “လက်ဝယ်ထားရှိမှု (၁) မှု” တို့ဖြင့် တရားစွဲဆိုထား သည်။ ယင်းပြစ်မှုနှစ်ခုစလုံးသည် တစ်ခုချင်းစီအတွက် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂၅ နှစ်စီ (စုစုပေါင်း နှစ် ၅၀)ထိ ကျခံရနိုင်ပြီး လာမည့် စက်တင်ဘာ လ ၁၄ ရက်နေ့တွင် မဲလ်ဘုန်းတရားရုံး (Melbourne Magistrates’ Court)၌ ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်သည်။
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးခံရသူမှာ ၎င်းတို့၏ လေ ယာဉ်ခန်းတွင်းအမှုထမ်း ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ထိုင်းအဲဝေး (Thai Airways International)က အွန်လိုင်းမှတစ်ဆင့် အတည်ပြုလိုက်ပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် သြစတြေးလျနှင့် ထိုင်းအာဏာပိုင်များကို အပြည့်အဝ ပူးပေါင်းကူညီပေးနေကြောင်း ဖော်ပြထားသည်။
လေကြောင်းလိုင်းအနေဖြင့် ဝန်ထမ်းများ မူးယစ်ဆေးဝါး သယ်ဆောင်ခြင်းကို ပြင်းထန်စွာ တားမြစ်ထားပြီး တာဝန်မဆင်းမီ ပုံမှန်သတိပေးလေ့ရှိကြောင်း၊ ယခုကဲ့သို့ စည်းကမ်းဖောက် ဖျက်သူကို ရာဇဝတ်ကြောင်းအရသာမက ကုမ္ပဏီအတွင်းပိုင်း စည်းကမ်းချက်များအရပါ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ် ကြောင်း တရားဝင် ထုတ်ပြန်ထား သည်။
Telegram»…
https://t.me/positiveanglenews
#PAN