
(မှုခင်း) ဇွန် ၂၇
မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် တောင်းဝိုင်း ရထားလမ်းကူးတွင် Hijetယာဥ်နှင့် ရထားစက်ခေါင်းတို့ တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
ယနေ့ နံနက် ၅နာရီ၅၅မိနစ်နာရီအချိန်က မုမွန်ဘူတာ စက်ခေါင်းရုံက အမှတ် (၈၂) အစုန်လူစီးအမြန်ရထားထွက်ခွာရန်အတွက် စက်ခေါင်းလုံးချင်းသည် သရက်ကုန်း-မော်လမြိုင်ကြား မိုင်178/4-5 ကြား ကားလမ်းကူး(မြို့ပြဂိတ်)၌ ဂိတ်ပိတ်ထားစဥ် အရှေ့မှ တက္ကသိုလ်ဘက်သို့မောင်းနှင်လာသောYGN/2K-…… Hijetယာဥ်နှင့်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရထားစက်ခေါင်းနှင့် မော်တော်ယာဥ်တိုက်မှုကြောင့် ရထားစက်ခေါင်းမှာ ထိခိုက်မှုမရှိပဲ Hijetယာဥ်တွင် ခေါင်းပိုင်းချိုင့်ဝင်သွားပြီး ယာဉ်မောင်းမှာ ဒဏ်ရာနည်းနည်းရရှိကာ ယာဥ်နောက်ပိုင်းတွင် လိုက်ပါလာသူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ယာဥ်မောင်းအား မော်လမြိုင်ဆေးရုံကြီးပို့ထားရှိပြီး အရေးယူနိုင်ရန် မုပွန်ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သိရသည်။