
(နိုင်ငံတကာ) ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာရှိ အခြေ ခံပညာအထက်တန်းကျောင်းအား ယနေ့မွန်းလွဲပိုင်းတွင် PDF များက ဒရုန်း (Drop Bomb) ဖြင့် ဗုံးများပစ်ချ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဗုံးသီးများသည် စာသင်ကျောင်းဝင်းအတွင်းသို့ ကျရောက်ခြင်းမရှိဘဲ ကျောင်းဝန်းအပြင်ဘက် မျက်နှာစာနေရာတွင်သာ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်း သား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အပါအဝင် လူနှင့် အဆောက်အအုံတစ်စုံတစ်ရာ ထိ ခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရှိရသည်။

ဒေသခံများနှင့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ PDF အမည်ခံအဖွဲ့များသည် ကျောင်းသား၊ ကျောင်းသူများ၏ ပညာ သင်ကြားခွင့် အခွင့်အလမ်းများ ပျက်ပြားစေရန်နှင့် အကြောက်တရား လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိကြောင်း၊ စစ်ရေးနှင့် မသက်ဆိုင်သည့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို ယခုကဲ့သို့ ရည် ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။
အဆိုပါ တိုက်ခိုက်မှုအပေါ် ဒေသခံပြည်သူများက ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews
#PAN