မြန်မာနိုင်ငံက BIMSTEC အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူမည်၊ ရွေးကောက်ပွဲအောင်မြင်မှုနှင့် သမ္မတအဖြစ် ရွေးကောက်ခံရမှုအပေါ် အတွင်းရေးမှူးချုပ် ဂုဏ်ပြု

(နိုင်ငံတကာ) ဇွန် ၂၃                                 

    မြန်မာနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ဘင်္ဂလားပင်လယ် အော်အဖွဲ့အစည်း (BIMSTEC) ၏ အတွင်းရေးမှူးချုပ်တာဝန်ကို လွှဲပြောင်းရယူသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ ၏ အနာဂတ်သည် ပိုမိုပွင့်လင်းလာပြီဖြစ်၍ အဖွဲ့အနေဖြင့် ပူးပေါင်းဆောင် ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း BIMSTEC အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey က ပြောကြားလိုက်သည်။                 

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ BIMSTEC အတွင်း ရေးမှူးချုပ်က ဇွန်လ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။ တွေ့ဆုံစဉ်အတွင်း အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံရမှုအပေါ် ဝမ်း မြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး၊ သမ္မတဦးဆောင်သည့် အစိုးရသစ်အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အောင် မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ထည့် သွင်းပြောဆိုခဲ့သည်။

     ထို့ပြင် နိုင်ငံတော်သမ္မတ၏ ပြည်ပခရီးစဉ်များသည် ဒေသတွင်းဆက်ဆံရေးများကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်ပြီး၊ မကြာမီကာလအတွင်း ကျင်းပမည့် BIMSTEC ထိပ်သီးအစည်း အဝေးများနှင့် ဒေသတွင်း လှုပ် ရှားမှုများတွင် တက်ကြွစွာ ပူး ပေါင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပိုမိုမြှင့်တင်သွားမည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ကလည်း BIMSTEC သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်သည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ် မြောက်စေရေးအတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

​   နှစ်ဖက်ဆွေးနွေးမှုတွင် လာမည့်နှစ်၌ မြန်မာနိုင်ငံက BIMSTEC အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူမည့်ကိစ္စ၊ တာဝန်ထမ်းဆောင်စဉ် အဖွဲ့အစည်း၏ လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးဆိုင်ရာ အခြေအနေများနှင့်အတူ အဖွဲ့ဝင်နိုင်ငံများအနက် ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သည့် နီပေါနှင့် ဘူတန်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုကောင်းမွန်လာစေရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                    

Telegram»…
https://t.me/positiveanglenews

#PAN